The Inya Institute's digital archive features objects, manuscripts, books, paintings, and photographs identified and preserved during research projects undertaken by the institute throughout Myanmar and its diverse states and regions.

The collections featured here reflect the country's religious, cultural, and ethnic diversity and the various time periods covered by the institute's projects developed in collaboration with local partners.

We hope the visual materials presented here may provide researchers with additional references for their research, references that would otherwise be difficult to access. We also wish to emphasize that great care was taken to digitize and preserve the objects and materials in their host environment and ensure that that they would remain so after digitization was completed.

ဤဒစ်ဂျစ်တယ်(Digital) စုဆောင်းမှု၌ Inya Institute မှ မြန်မာနိုင်ငံတစ်ဝန်းရှိတိုင်းဒေသအသီးသီးတို့တွင် ဆောင်ရွက်ခဲ့သော သုတေသနများ ပြုစုစဉ်တွင်ရှာဖွေတွေ့ရှိ၊ မှတ်တမ်းတင် ထိန်းသိမ်းထားသော အရာဝတ္ထုများ၊ လက်ရေးမူများ၊စာအုပ်၊ ပန်းချီ နှင့် ဓာတ်ပုံများအား စုဆောင်း ပြသထားရှိပါသည်။

ပြသထားသော ဤစုဆောင်းမှုများသည် Inya Institute နှင့် ဒေသတွင်းမှမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့သောစီမံကိန်းများမှ တွေ့ရှိလေ့လာခဲ့ရသည့် တိုင်းပြည်၏ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာများနှင့် တိုင်းရင်းသားမတူကွဲပြားမှုအကြောင်းများအား ပြန်လည်ထင်ဟပ်စေပါသည်။

ကြည့်ရှုလေ့လာသူသုတေသီများအနေဖြင့် ဤစုဆောင်းမှုတွင် ပြသထားသောတင်ဆက်မှုများမှတဆင့် သတင်းအချက်အလက်များ ပိုမိုရရှိကာ၊ လက်လှမ်းမှီရန်ခက်ခဲသည့်အထောက်အထား အကိုးအကားများ ရရှိနိုင်လိမ့်မည်ဟု Inya Institute မှမျှော်လင့်ပါသည်။ထို့အပြင် ဒစ်ဂျစ်တယ်စုဆောင်းမှုများကို ဖန်တီးရာ၌ ယခုပြသထားသော ပစ္စည်းများအားယင်းတို့၏ မူလတည်ရှိရာနေရာများ၌သာ လေ့လာပြုစု မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး၊ပြုစုခြင်းပြီးသွားသည့်အခါ၌လည်း ယင်းပစ္စည်းများ မူလမပျက်ဆက်လက်တည်ရှိစေရန်သေချာအောင် အထူးဂရုပြုဆောင်ရွက်ခဲ့ကြောင်း အသိပေးအပ်ပါသည်။